ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့်ဝှေခါမှော်က အမျှဝေပွဲ
ရေးသားခဲ့သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုက ဝှေခါကျောက်စိမ်းလုပ်ကွက်မှာ မြေပြိုမှုဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေကို ရည်စူးပြီး အမျှအတ ပေးဝေခဲ့တဲ့ အခမ်းအနားကို သီတဂူဆရာတော်ကြီး အရှင်ဦးဉာဏိဿရ ဦးဆောင်ပြီး ဖားကန့်က ဒေသခံဆရာတော်အပါး ၂၀၀ ကျော်နဲ့ ဖားကန့်က ဝှေခါမှော်မှာပဲ ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က မြေပြိုမှုမှာ ရေမဆေးကျောက်တူးသမား ၁၇၀ ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကျောက်စိမ်းမှော်က ဒီနေ့အမျှဝေတဲ့ အခမ်းအနားကနေ ဘီဘီစီသတင်းထောက်က မစိုးစိုးထွန်းက အခုလို သတင်းပေးပို့ထားပါတယ်။