ဒေါ်နယ် ထရမ့် ရဲ့ ငွေကြေးဆိုင်ရာ မှတ်တမ်းတွေကို ဥပဒေအရာရှိတွေ ကြည့်ခွင့်ရ

ရေးသားခဲ့သည်။

အမေရိကန်သမ္မတရဲ့ အခွန်ထမ်းဆောင်မှု မှတ်တမ်းကို နယူးယောက် အစိုးရ ရှေ့နေတွေကြည့်ရှုစစ်ဆေးခွင့် ကို တရားရုံးချုပ် ခွင့်ပြုပေးလိုက်တဲ့အတွက် ဒါဟာ နိုင်ငံရေး လုပ်ကြံမှု တစ်ခုလို့ ဒေါ်နယ် ထရမ့်က ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဒါပေမယ့် မစ္စတာ ထရမ့်ရဲ့ ငွေကြေးမှတ်တမ်းတွေကို လွှတ်တော်က ကြည့်ရှုခွင့် တောင်းခံခဲ့တဲ့အပေါ်မှာ တားမြစ်ခဲ့တဲ့ တရားရုံးချုပ်ရဲ့ အမိန့်ကိုတော့ သမ္မတက ကျေးဇူးတင်နေတယ်လို့ အိမ်ဖြူတော်ဘက်က ဆိုပါတယ်။ အခွန်မှတ်တမ်းတွေကို ကြည့်ရှုခွင့်တောင်းတဲ့ လုပ်ရပ်တွေဟာ တာဝန်မဲ့ပြီး သူ့ကို နိုင်ငံရေးအရ နာမည်ပျက်အောင် လုပ်ကြံဖို့ စီစဉ်မှုတွေသာ ဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။ သူ့ရဲ့ ငွေကြေးဆိုင်ရာ မှတ်တမ်းတွေဟာ အရင်တုန်းက လူအများသိအောင် ထုတ်ပြန်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ အခုတော့ နယူးယောက် ပြည်နယ် အစိုးရ ရှေ့နေတွေက စစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။ ကိုမင်းထက်က ဆက်ပြီး ပြောပြပေးမှာပါ။