ဟောင်ကောင်အရေးကြောင့် ယူကေနဲ့ တရုတ် ဆက်ဆံရေး တင်းမာလာ

ရေးသားခဲ့သည်။

တရုတ်က ဟောင်ကောင်အရေးမှာ ပြည်ပက ဝင်ရောက် စွက်ဖက်မှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပြီးနောက်မှာ တရုတ်နဲ့ ယူကေတို့ အကြားမှာ သံတမန်ရေး တင်းမာမှုတွေ သိသိသာသာ တက်လာနေပါတယ်။

တရုတ်က လုံခြုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တဲ့ နောက်မှာ ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်ကလည်း ဟောင်ကောင်ဒေသခံ ၃ သန်းကို ဗြိတိသျှ နိုင်ငံသား လျှောက်ထားနိုင်အောင် လုပ်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။

တရုတ်က ဒီလို ပြောခဲ့တာဟာ ဝင်ရောက်စွက်ဖက်တာ ဖြစ်တယ်လို့ ဆိုခဲ့ပြီး ယူကေအနေနဲ့ တရုတ်ကို ရန်သူလို သဘောထား ဆက်ဆံတာမျိုး မလုပ်ဖို့ သတိပေးခဲ့ပါတယ်။ ယူကေကလည်း တရုတ်ဟာ ၁၉၉၇ ခုနှစ်က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ ဟောင်ကောင်ကို နှစ် ၅၀ ကြာ လွတ်လပ်မှု အတိုင်းအတာ တခုအထိ ပေးထားမယ်ဆိုတဲ့ ကတိ စကားတွေကို ဖောက်ဖျက်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ကိုသိမ်းမြတ်က ပြောပြမှာပါ။