ရွေးကောက်ပွဲ အနိုင်ရဖို့ မျှော်လင့်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီ

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံရေးပါတီ အသီးသီးက ပြင်ဆင်နေကြရာမှာ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း ကိုယ်စားလှယ်လောင်းတွေ စိစစ်လက်ခံနေပါတယ်။

ဒါကြောင့် လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို ရွေးချယ်နေလဲ။ ရွေးကောက်ပွဲနိုင်ဖို့ ဘယ်လောက်မျှော်လင့်ထားလဲဆိုတာတွေကို ပါတီ ဒုတိယ ဥက္ကဌ ဦးခင်ရီကို ဘီဘီစီသတင်းထောက် ကိုအောင်သူရက သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။