ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေနဲ့ ပြန်အသက်ဝင်လာတဲ့ ဝူဟန်
တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ခဲ့စဉ်က ဘယ်လို ကိုင်တွယ်ဖြေရှင်း ခဲ့ကြသလဲ ဆိုတာကို မေးခွန်းတွေ ထုတ်နေကြဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက ဝူဟန်မြို့မှာ ပထမဆုံးအကြိမ် ကူးစက်ခံရမှုကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ လူ ၅၀၀၀၀ ထက်မနည်း ကူးစက်ခံခဲ့ရပြီး လူ ၄၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ အခုတော့ ဝူဟန်မြို့ဟာ ပြန်လည် သက်ဝင်စပြုလာပါပြီ။
ဝူဟန်မှာ ဗိုင်းရပ်စ်ပိုးစပျံ့စဉ်က အာဏာပိုင်တွေ ဖုံးဖိထားခဲ့လို့ ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ရောက်ခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် တရုတ်အစိုးရကတော့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့တာကိုပဲ ဂုဏ်ယူစရာ နိုင်ငံတော်အောင်မြင်မှု အဖြစ် ပြချင်နေပါတယ်။ ကိုမင်းထက်ကပြောပြမှာပါ။