ကိုဗစ် 19 ကုဖို့ အတွက် ထိရောက်တဲ့ ဆေးတမျိုး တွေ့ရှိ

ရေးသားခဲ့သည်။

ကိုဗစ် 19 ကူးစက်ခံရလို့ အသက်အန္တရာယ်အထိ စိုးရိမ်ရသူတွေကို ကယ်တင်နိုင်မယ့် ဆေးတမျိုးကို တွေ့ခဲ့ကြပါပြီ။ အဲဒီ ဆေးက စျေးလည်းသက်သာပြီး လွယ်လွယ်ကူကူလည်း ဝယ်လို့ ရနိုင်တဲ့ ဆေးဖြစ်ပါတယ်။ စတီးရွိက် ဆေး ဖြစ်ပြီး ဒက်ဆာ မီတာဇုန်း လို့ ခေါ်ပါတယ်။ တော်တော် စိုးရိမ်ရတဲ့ လူနာတွေကို ကုသရာမှာ ထိရောက်မှု ရှိတာကို တွေ့ခဲ့ရပါတယ်။

ယူကေမှာ ကပ်ရောဂါတွေ စတင် ကူးစက်ချိန် ကတည်းကသာ ဒီဆေးကို သုံးနိုင်ခဲ့ကြမယ်ဆိုရင် လူပေါင်း ၅၀၀၀ လောက်ရဲ့ အသက်ကိုကယ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီဆေးရဲ့ အာနိသင်ကို ယူကေမှာ တွေ့ခဲ့ကြတာဖြစ်ပြီး အင်္ဂလန်က ဆေးဘက်ဆိုင်ရာ အကြီးအကဲကတောင် ဒါဟာ ကိုဗစ် 19 နဲ့ ပတ်သက်လို့ အရေးကြီးဆုံး တွေ့ရှိမှု တခုပဲ ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီး ဒီဆေးကြောင့် ကမ္ဘာတဝန်းမှာလည်း အသက်ပေါင်းများစွာကို ကယ်တင်နိုင်တော့မယ်လို့ ပြောပါတယ်။ ကိုသိမ်းမြတ်က ပြောပြမှာပါ။