ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အတ္တလန်တာမှာ ရဲကပစ်လို့ လူမည်းတစ်ဦး သေဆုံး
အမေရိကန် ပြည်ထောင်စုက အတ္တလန်တာ မြို့မှာ လူမည်းတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ လူဖြူရဲအရာရှိကို ထုတ်ပယ်လိုက်ပါတယ်။ အဲဒီလို ပစ်သတ်မှုကြောင့် မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒီ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ နောက်ရဲအရာရှိတယောက်ကိုတော့ ခွင့်ပေးထားပါတယ်။ အတ္တလန်တာ ရဲတပ်ဖွဲ့ အကြီးအကဲလည်း တာဝန်ကနေ နုတ်ထွက်သွားပါတယ်။
အတ္တလန်တာဟာ ပြီးခဲ့တဲ့ လက မင်နီယာပိုလစ္စမြို့မှာ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ဒ် ရဲဖမ်းစဉ် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲတွေ ဖြစ်နေခဲ့တဲ့ အမေရိကန်မြို့ကြီးတွေထဲက တမြို့လည်း ဖြစ်ပါတယ်။ အဲဒီက သတင်းထောက် အလိမ်း မက်ဘူးလ်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။