ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပါကစ္စတန် ကျန်းမာရေးစနစ် ပြိုလဲနိုင်

ရေးသားခဲ့သည်။

ပါကစ္စတန် နိုင်ငံမှာတော့ များပြားလာတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကြောင့် အားနည်းနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ပိုမိုယိုင်နဲ့ သွားလိမ့်မယ်လို့ ဆရာဝန်တွေက သတိပေး နေပါတယ်။ အခုလောလောဆယ် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ကလည်း ၂၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ ကူးစက်ခံရမှုတွေကလည်း ထပ်မံများပြား လာနေတယ်လို့ ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် စကူဒါ ခါမာနီ ပါကစ္စတန်ကနေ ပေးပို့လိုက်တဲ့ သတင်းကိုတော့ ကိုမင်းထက်က ပြောပြပေးမှာပါ။