အမေရိကန်က လူမျိုးရေး ပြဿနာ

ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှာ လတ်တလောဖြစ်ပွားနေတဲ့ လူမျိုးရေးအခြေခံတဲ့ ဆန္ဒပြပွဲတွေနဲ့ အဓိကရုဏ်းတွေဟာ ၁၉၆၀ ပြည့်နှစ်တွေအတွင်းက မာတင်လူသာကင်း လုပ်ကြံခံခဲ့ရပြီးနောက် ကြုံခဲ့ရတဲ့ လူမျိုးရေး တင်းမာမှုတွေ နောက်ပိုင်း အဆိုးဆုံးလည်း ဖြစ်ပါတယ်။ လူမည်းအမျိုးသား ဂျော့ချ်လွိုက်ဒ် ရဲလက်မှာ သေဆုံးခဲ့ရပြီး နောက်ဆက်တွဲ ဖြစ်လာခဲ့တဲ့ အခြေအနေတွေကို ကြည့်ရင် အာဖရိကနွယ်ဖွား အမေရိကန်တွေနဲ့ ရဲတပ်ဖွဲ့အကြားက မယုံကြည်မှုတွေနဲ့ ရန်လိုမှုတွေကို သိသိသာသာ ထင်ဟပ်နေပြန်ပါတယ်။ ဘီဘီစီ သတင်းထောက် နစ်ခ် ဘရိုင့်က အဲဒီကအခြေအနေတွေကို သုံးသပ်ပြောပြထားတာကို ကိုသိမ်းမြတ်က ပြန်ပြောပြမှာပါ။