ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာကြောင့် ကမ္ဘာ့လေထု ပိုမို သန့်စင်လာ
ကျန်ခဲ့တဲ့လပိုင်းတွေအတွင်းမှာ နေထိုင်ရာ ကမ္ဘာကြီးကို အကောင်းဘက်ကနေပြီး အကျိုးပြုခဲ့တာလည်း ရှိပါတယ်။ အဲဒါကတော့ သဘာဝပတ်ဝန်းကျင်အပေါ်မှာ ကြီးမားတဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဘာလဲဆိုတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံ အသီးသီးက လော့ခ်ဒေါင်းတွေ လုပ်ကြတော့ အပြင်မထွက်ကြ၊ ကားတွေ မကောင်းကြတော့တဲ့ အတွက် ကမ္ဘာ့ပတ်ဝန်းကျင်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု အများကြီး လျှော့ကျသွားခဲ့တာပဲဖြစ်ပါတယ်။ နေ့စဉ်မှာကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု ၁၇ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ အရင်ကကာဗွန်ဒိုက်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုများတဲ့ တရုတ် နိုင်ငံမှာဆိုရင် ၂၄ ရာခိုင်နှုန်းအထိကိုကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့်ဒီလို ကာဗွန်ဒိုက်အောက်ဆိုက်ဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ကျတဲ့ အချိန်ကာလဟာ အခိုက်အတန့် ခဏလေးသာ ဖြစ်ပြီး ရေရှည်မှာ အရင်လို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့ ပြဿနာတွေပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဘီဘီစီ သိပ္ပံသတင်းထောက် ဒေးဗစ် ရှက်ခ်မန်းရဲ့ သတင်းကို ကိုသိမ်းမြတ်ကပြောပြပေးမှာပါ။