ခရီးသွားတွေ မလာတော့လို့ ထိုင်း ဆင်တွေ နေရပ်ကိုပြန်ကြပြီ

ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား သန်း ၄၀ လာရောက်ခဲ့ကြပေမယ့် ဒီနှစ်တော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းလည်း ပြိုလဲခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် ဝင်ငွေမရ နစ်နာရသူတွေထဲမှာ ဆင်စခန်းတွေက ဆင်တွေနဲ့ သူတို့ရဲ့ အက အလှပြပွဲတွေနဲ့ ဝင်ငွေရနေသူ ဆင်ထိန်းတွေလည်း ပါပါတယ်။ အဲဒါကြောင့်လည်း အခုဆို ထိုင်း တနံတလျားမှာ ခရီးသွားတွေ အလာများတဲ့ စင်တာတွေက ဆင်တွေနဲ့ ဆင်ထိန်းတွေ သူတို့ ရပ်ရွာဆီ ပြန်နေကြပြီ ဖြစ်ပါတယ်။ အဲဒီလို ပြန်နေကြတဲ့ အဖွဲ့တဖွဲ့ရဲ့ ခရီးစဉ်အကြောင်း ကိုသိမ်းမြတ်က ပြောပြမှာပါ။