ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင်မှာ တရုတ် လုပ်ခြုံရေးဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဖြစ်
ရေးသားခဲ့သည်။
တရုတ်က အမေရိကန်ကို ဟောင်ကောင် ကိစ္စမှာ ဝင်မစွက်ဖို့ သတိပေးလိုက်ပါတယ်။ တရုတ်က ဝါရှင်တန်ဟာ တရုတ်ရဲ့အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးစေနိုင်တဲ့ လုံခြုံရေး ဥပဒေသစ်နဲ့ ပတ်သက်လို့ ဘေဂျင်းအပေါ် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ အမေရိကန်က သတိပေးခဲ့တဲ့ နောက်မှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း အတွင်းကလည်း ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး ရဲတွေကလည်း မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
ကိုသိမ်းမြတ်က ပြောပြမှာပါ။