ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ စက်ရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် မကူးရေး ဆောင်ရွက်
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကနေ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်နဲ့ ညီမညီ စစ်ဆေးတာတွေ ဆောင်ရွက်နေတာမှာ အခု မေလ ထဲမှာပြီးစီးသွားပြီ လို့ ဆိုပါတယ်။ နှာခေါင်းစည်း Mask တပ်ဖို့ ၊ တစ်ဦးနဲ့ တစ်ဦး ၃ ပေ သို့မဟုတ် ၆ ပေ အကွာကနေ အလုပ်လုပ်နိုင်ဖို့ အစရှိတဲ့ အစီအမံတွေ ညွှန်ကြားထားတာပါ။ ဒါတွေကို စက်ရုံ လုပ်ငန်းခွင် တွေ မှာ ဘယ်လောက် လိုက်နာ နေပါသလဲ။ ရန်ကုန်က ဘီဘီစီ သတင်းထောက် မဝင်းစန္ဒာဦးက လှိုင်သာယာ စက်မှုဇုံကို ကိုယ်တိုင် သွားရောက်ပြီး သတင်းပေးပို့ထားပါတယ်။