ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်တွင်းစစ် ဖြစ်နေတဲ့ ယီမင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများအပြားရှိ
ယီမင်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုတွေ အကြီးအကျယ် ရှိနေပြီး၊ ကူးစက်မှုတွေကို ခြေရာခံမလိုက်နိုင်ဘဲ ဘယ်လောက်ထိ ကူးစက်ခံနေရပြီဆိုတာကိုလည်း မသိနိုင်ဘူးလို့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတိပေးပြောကြား နေပါတယ်။ ပြည်တွင်းစစ်ကြောင့် အခြေမလှ ဖြစ်နေတဲ့ ယီမင်ရဲ့ ကျန်းမာရေး စောင့်ရှောက်ဟာလည်း ဗိုင်းရပ်စ်ကြောင့် ပြိုလဲနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။
ယီမင်နိုင်ငံတောင်ပိုင်းမှာတော့ နိုင်ငံတကာက ထောက်ခံထားတဲ့ အစိုးရ အဖွဲ့က ထိန်းချုပ်ထားပြီး မြောက်ပိုင်းမှာတော့ ဟူသီသူပုန်တွေက ထိန်းချုပ်ထားတာကြောင့် ၂ခြမ်းကွဲနေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။
ဘီဘီစီ အနေနဲ့ ဟူသီတွေ ထိန်းချုပ်ရာ မြို့တော် ဆာနား က ဆေးရုံတွေကို သွားရောက် သတင်းယူခွင့် ရခဲ့ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ တွေက ဘယ်လို ရှိနေပါသလဲ။ ကိုမင်းထက် က ဆက်ပြီးပြောပြပေးမှာပါ။