ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝူဟန် မြို့ခံ ၁၁ သန်းကို ဗိုင်းရပ်စ်ရှိမရှိ ဆေးစစ်မယ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ဖြစ်ပွားစဉ်က တရုတ်ရဲ့ ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက မေးခွန်းထုတ်နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ပြည်တွင်းမှာတော့ အာဏာပိုင်တွေက သူတို့ရဲ့ အောင်မြင်မှုတခုအဖြစ် ယူဆကြပါတယ်။
ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း တရုတ်ပြည်တွင်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ခဲ့ရာ ဝူဟန်မြို့မှာ နောက်ထပ် ပိုးကူးစက်ခံရသူ အသစ်တွေ ထပ်တွေ့ခဲ့ရပါတယ်။
ဒါကြောင့်လည်း မြို့နေ လူဦးရေ ၁၁ သန်းကို ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိကို စစ်ဆေးဖို့ စီစဉ်နေပါပြီ။ ဘီဘီစီရဲ့ တရုတ်ပြည်ဆိုင်ရာ သတင်းထောက် ဂျွန်ဆဒ်ဝသ်ရဲ့ သတင်းကို ဘိုဘိုက ပြောပြမှာပါ။