ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်-၁၉ ကြောင့် အမေရိကန် နဲ့ တရုတ် ဆက်ဆံရေး တင်းမာလာ
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် အမေရိကန်နဲ့ တရုတ်တို့လို ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီး ၂ ခု အကြား ဆက်ဆံရေးတွေက ဆိုးလာခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကတော့ အမေရိကန်သမ္မတ ထရမ့်က တရုတ်ရဲ့ ကပ်ရောဂါနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းပုံတွေကို ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံး အခုပြောင်းလဲ သွားခဲ့ပြီ ဖြစ်ပါတယ်။
သမ္မတ ထရမ့်က မကြာသေးခင်လေးကပဲ တရုတ်အစိုးရဟာ ဒီဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို နိုင်နင်းစွာ မကိုင်တွယ်နိုင်ခဲ့ဘူးလို့ စွပ်စွဲပါတယ်။ နောက်ပြီး ဖုံးကွယ်မှုတွေလည်း လုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ နှစ်နိုင်ငံအကြား အပြန်အလှန် ပုတ်ခတ် ပြောဆိုမှုတွေ စလာခဲ့ပါတယ်။ ကိုရင်မောင် က ပြောပြမှာပါ။