ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဒဏ်ခံနိုင်ငံတွေ ဘယ်လိုရင်ဆိုင်

ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ကမ္ဘာအနှံ့ဖြစ်နေပေမယ့် လတ်တလောမှာ အမေရိကန်၊ ဥရောပနဲ့ တရုတ်တို့လို ကျန်းမာရေး စောင့်ရှောက်မှု စနစ် အားကောင်းပြီးသား နိုင်ငံတွေမှာသာ အများစု ဖြစ်ပွားနေတာ တွေ့ရပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့ အထူးသဖြင့်တော့ ဗိုင်းရပ်စ် ကူးစက်မှုတွေသာ တကယ်ဖြစ်သွားရင် အကြီးအကျယ်အထိနာနိုင်မယ့် တိုင်းပြည်တွေမှာ ခုထက်ထိတော့ ကူးစက်မှုတွေက သိပ်မများသေးပါဘူး။ ဒါပေမယ့် စစ်ဒဏ်ခံ နိုင်ငံတချို့မှာတော့ ဒီအန္တရာယ်က ကြီးသည်ထက် ကြီးလာနေပါတယ်။ အရှေ့အလယ်ပိုင်း သတင်းထောက် ဂျယ်ရမီဘိုဝင်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။