ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အထူးကြပ်မတ် ကုသဆောင်တွေထဲမှာ ဘယ်လိုကုသမှုတွေ ပေးနေကြသလဲ
ရေးသားခဲ့သည်။
ဆေးရုံတွေမှာ အခြေအနေစိုးရိမ်ရတဲ့ လူနာတွေကို အိုင်စီယူလို့ ခေါ်တဲ့ အထူးကြပ်မတ် ကုသဆောင်ကိုပို့ပြီး ကုသမှုပေးကြပါတယ်။ အဲဒီကုသဆောင်တွေမှာ လူနာရဲ့အခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နိုင်တဲ့ အဆင့်မြင့်နည်းပညာသုံး စက်တွေတပ်ဆင်ထားသလို အထူးလေ့ကျင့်ပေးထားတဲ့ ဆေးဝန်ထမ်းတွေကို တာဝန်ချထားပေးတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေမှာ အဆုတ်ထိခိုက်လာလို့ အသက်ရှူဖို့ အခက်အခဲတွေ ရှိလာပြီ ဆိုရင် အဲဒီ အိုင်စီယူကို ပို့ပြီး ကုသမှု ပေးရပါတယ်။ ဒီလူနာတွေကို အိုင်စီယူထဲမှာ ဘယ်လို ပြုစုကုသမှုတွေ ပေးနေသလဲ ကြည့်ရအောင်ပါ။ မသီဒါနွယ်ကပြောပြမှာပါ။