ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ ကတ်ရှ်မီးယားမှာ ကိုဗစ် အသက်ရှုစက်တွေ သရီးဒီ ပရင်တာနဲ့ထုတ်
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေများလာတဲ့အခါမှာ အသင့်ဖြစ်အောင်လို့ ဆေးရုံတွေကို ပြင်ဆင်ထားကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ တခြားနိုင်ငံတွေမှာလိုပဲ သူတို့ဆီမှာလည်း လူနာတွေ ရောဂါကြောင့် အဆုတ်ထိပြီး အသက်ရှူမဝ ဖြစ်လာကြတဲ့ အခါမှာ အသုံးပြုဖို့ အတွက် အသက်ရှူစက်တွေ တော်တော်လိုအပ်နေပါတယ်။ အိန္ဒိယက အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသထဲမှာဆို လူဉီးရေ ၇ သန်းထက်မနည်းရှိပြီး အသက်ရှူစက် ၁၀၀ ပဲ ရှိပါတယ်။ ဒါကြောင့်လည်း သူတို့ဆီက အင်ဂျင်နီယာတွေနဲ့ ဆရာဝန်တွေ ပေါင်းပြီး တနည်းတဖုံ ကြံဆကြပါတယ်။ ဘာလဲ ဆိုတာ ဆက်လက်ရှုစားရအောင်ပါ။ ကိုမင်းထက်က ပြောပြမှာပါ။