ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူက ရွှေ့ပြောင်းလုပ်သားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များပြား
ရေးသားခဲ့သည်။
စင်္ကာပူက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ချမှတ်ထားတဲ့ ကန့်သတ်ပိတ်ပင်မှုတွေကို နောက်ထပ် တလ သက်တမ်းတိုးလိုက်ပါတယ်။
သူတို့ဆီမှာ ရောဂါကူးစက်မှုတွေ နောက်တကြော့ ခေါင်းထောင်လာနေကြပြီး အများစုဟာ ပြည်ပက လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဆီမှာ ဖြစ်ပါတယ်။
မကြာခင်ကအထိ ဗိုင်းရပ်စ်ကို ကိုင်တွယ်ရာမှာ စံထားရတဲ့ စင်္ကာပူမှာ အခုတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ ဘာကြောင့် ဒီထက်ပိုပြီး မလုပ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်လာနေပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။