ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနဲ့ ကမ္ဘာတလွှားက ကိုရိုနာဗိုင်းရပ်စ် သတင်းများ - ၁၅ ဧပြီ ၂၀၂၀
ရေးသားခဲ့သည်။
အိန္ဒိယမှာ တပြည်လုံး လော့ခ်ဒေါင်း ချထားတာကို သက်တန်းတိုးပြီး နောက်တရက်မှာပဲ လယ်သမားတွေကို ပြန်ပြီး လုပ်ငန်းခွင် ဝင်ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကို ရန်ပုံငွေ ထည့်ဝင်မှုတွေ ရပ်တန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီး၊
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲတွေ ရှိနေတဲ့ ကြားပဲ တောင်ကိုရီးယားမှာတော့ ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတွေ ထပ်တွေ့ရတဲ့အတွက် အခုဆိုရင် ပိုးတွေ့သူအရေအတွက် စုစုပေါင်းက ၇၄ ဦး ရှိသွားပါပြီ။