ကိုရိုနာ ကို တိုက်ဖျက်ဖို့ မျက်နှာဖုံး အမြဲတပ်ဖို့ လိုအပ်ပြီလား

ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို တားဆီးနိုင်ဖို့အတွက်ဆိုရင် မျက်နှာဖုံးတွေတပ်ထားဖို့ လိုအပ် ပြီလား။ အရင်တုန်းကတော့ ဖျားနာနေတဲ့ လူတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေသာ မျက်နှာဖုံးတပ်သင့်တယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက အကြံပြု ထားခဲ့တာပါ။

တခါ လေ့လာမှုအသစ် တခုမှာဆိုရင် ချောင်းဆိုနှာချေရင် ပိုးတွေက၂၅ ပေ လောက်အထိကို သွားနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဒါကြောင့် WHO အနေနဲ့ သူတို့ရဲ့ အကြံပြုချက်ကို ပြောင်းလဲ မလားဆိုပြီးတော့ အကြံပေး ပညာရှင်တွေက အစည်းအဝေး ထိုင်ပြီး ပြန်လည် သုံးသပ် နေပါတယ်။ မရီရီအောင်က ဆက်ပြီးပြောပြပေးမှာပါ။