အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကန့်သတ်ချက်တွေ ထုတ်ပြန်

ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စု မှာတော့ သမ္မတ ထရမ့်က ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေတွေဟာ ဒီနွေရာသီ ကုန်ပိုင်း ဒါမှမဟုတ် ဒီထက်တောင် ကြာရင် ကြာသွားနိုင်တယ်လို့ ပြောပါတယ်။ သမ္မတ ထရမ့်က လာမယ့် ၁၅ ရက် အတွင်း လူ ၁၀ ယောက်ထက်ပိုပြီး မစုဝေးကြဖို့နဲ့ စားသောက်ဆိုင်တွေမှာ သွားစားတာမျိုး မလုပ်ကြဖို့ ပြောထားပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လူပေါင်း ၄၁၀၀ ကူးစက်ခံထားရပြီး ၇၁ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ကိုသိမ်းမြတ်က ပြောပြမှာပါ။