ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတရားမှု ကျူးလွန်သူတွေကို တုံ့ပြန်တဲ့ ထူးခြားတဲ့ ရေမွှေး
ရေးသားခဲ့သည်။
ရေမွှေးဆိုတာ လူကြိုက်တဲ့ အရာတခုပါ။ ဆွတ်တာ များသွားရင်တော့ ခေါင်းမူးလောက်တဲ့ အထိ အနံ့ပြင်းတာမျိုးတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အနံ့က ကြောက်စရာ ကောင်းလောက်အောင်အထိ ဖြစ်လာမယ်ဆိုရင်ရော၊ ရုရှားမှာတော့ ဒီလို ရေမွှေးတမျိုးကို အမျိုးသမီးငယ်တယောက်က ထွင်လိုက်ပါပြီ။ ဒါကလည်း စတာလင်ခေတ်က လူပေါင်း ၃၀၀၀၀ ကျော် အသတ်ခံ ခဲ့ရတဲ့ အဆောက်အအုံထဲမှာ လူကုံထံ ရေမွှေးဆိုင် တဆိုင် လာဖွင့်တာကို ကန့်ကွက်တဲ့ သဘောနဲ့ ဖြစ်ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။