ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျ တက္ကသိုလ်တွေ အခက်တွေ့
ရေးသားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ကမ္ဘာ့စီးပွားရေးကို နည်းမျိုးစုံနဲ့ ကိုင်လှုပ်နေပါတယ်။ အထူးသဖြင့် တရုတ်စျေးကွက်ကို အားထားနေရသူတွေမှာ အခက်ကြုံနေရပါတယ်။ သြစတြေးလျက တက္ကသိုလ်တွေဆိုလည်း တရုတ် ကျောင်းသားတွေအပေါ် အားထားနေကြတာဖြစ်ပါတယ်။ အခုတော့ တရုတ်ပြည်မကလူတွေ ခရီးသွားလာခွင့်ကို ကန့်သတ်ထားတာကြောင့် သူတို့ဆီမှာပါ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ တရုတ်ပြည်ကနေ မလာနိုင် ဖြစ်နေတဲ့ တရုတ်ကျောင်းသားပေါင်း တသိန်းလောက်ရှိမယ်လို့ ခန့်မှန်းရပြီး အခုတော့ ဒီကျောင်းသားတွေ မလာရောက်နိုင်လို့ ကျောင်းတွေမှာ ဘတ်ဂျက်လျှော့တာတွေတောင် လုပ်နေကြရပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။