ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားနဲ့ အီရန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာ
တောင်ကိုရီးယားနဲ့ အီရန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာ
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အီရန်ကနေ စလို့ မြေထဲပင်လယ် အရှေ့ပိုင်းဒေသ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တက်လာနေတာကြောင့် အလွန်အမင်း စိုးရိမ်မိကြောင်း ပြောပါတယ်။ တရုတ်မှာ ကူးစက်ခံရမှုနှုန်း ကျဆင်းလာပေမယ့် တောင်ကိုရီးယားမှာ ကူးစက်မှု အသစ် ၆၀၀ ထပ်တွေ့ထားကြောင်း ပြောခဲ့ပါတယ်။ ဒီ ရောဂါ ကူးစက်မှုတွေ တကြော့ပြန် ခေါင်းထောင်မလာစေဖို့ အတွက် အာဏာပိုင်တွေက ကြိုးစားဆောင်ရွက်နေကြပါတယ်။ အခုလည်း ကမ္ဘာ့ဘဏ်က ဆင်းရဲ နွမ်းပါးတဲ့ နိုင်ငံတွေမှာ ရောဂါ ကူးစက်မှုတွေကို ကိုင်တွယ်နိုင်ရေး ကူညီဖို့ အတွက် ဒေါ်လာ ၁၂ ဘီလျံဖိုး အကူအညီတွေ ပေးမယ်လို့ ကြေညာလိုက်ပါတယ်။
ကိုဘိုဘို က ပြောပြမှာပါ။