ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာဇက်စတန်က မွတ်ဆလင်တွေ တရုတ်မှာ ထိန်းသိမ်းခံရ
ရေးသားခဲ့သည်။
၂၀၁၇ က စလို့ ကာဇက်စတန်က မွတ်ဆလင် ထောင်ပေါင်းများစွာဟာ တရုတ်ပြည်က ပြန်လည် ပညာပေးရေး စခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီကနေ ကာဇက်စတန်ကို ပြန်ရောက်လာကြသူတွေကတော့ သူတို့ တွေကို နှိပ်စက်ညှင်းပန်းမှုတွေ ရှိသလို ဦးနှောက်ဆေး ခံရတာတွေလည်း ကြုံခဲ့ရကြောင်းပြောကြပါတယ်။ အဲဒီ တရုတ်နဲ့ ကာဇက် နယ်စပ်တလျှောက်မှာ ကာဇက် မျိုးနွယ်စုတွေ၊ ဝီဂါတွေနဲ့ တခြား မွတ်ဆလင် လူနည်းစုတွေ နေလာခဲ့ကြတာဟာ ရာစုနှစ်ပေါင်း များစွာ ရှိပြီ ဖြစ်ပါတယ်။ တဘက်မှာလည်း ဘေကျင်းဟာ အိမ်နီးချင်း ကာဇက် တွေကိုပါ ဖမ်းဆီး ထိန်းသိမ်းတာတွေ လုပ်လာနေတယ်လို့ စွပ်စွဲ ခံနေရပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။