မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံကြီး ၂ ခု ဆက်ဆံရေးအပေါ် သုံးသပ်ချက်

ရေးသားခဲ့သည်။

သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံကို ၄ ရက်တာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီနေ့ စတင်လိုက်ပါတယ်။ ဒီခရီးစဉ် မှာ ရင်းနှီးမြှပ်နှံမှု ကိစ္စရပ် တွေ အပါအဝင်၂ နိုင်ငံ နားလည်မှု စာချွန်လွှာ တချို့ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။ သမ္မတဦးဝင်းမြင့်ဟာ တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် အိန္ဒိယကို သွားရောက်တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံကြီး ၂ ခုကြားမှ အခွင့်အလမ်းတွေရော စိန်ခေါ်မှုတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ သုံးသပ်ကြပါတယ်။ ဒီအကြောင်း ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျူ့ (MIPS) ရဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ အကြီးတန်းသုတေသန မန်နေဂျာ ကိုအမရသီဟကို ကိုငြိမ်းချမ်းအေးက တွေ့ဆုံမေးမြန်းထားပါတယ်။