ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားကနေ စွန့်စား ထွက်ပြေးနိုင်ခဲ့သူ နှစ်ယောက်ကို ဘီဘီစီတွေ့ဆုံ
ရေးသားခဲ့သည်။
မြောက်ကိုရီးယားအစိုးရဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ချုပ်ချယ်ဆုံးအစိုးရတွေထဲ အပါအဝင်လို့ သိထားကြပါတယ်။ မြောက်ကိုရီးယားကနေ စွန့်စား ထွက်ပြေးနိုင်ခဲ့သူ နှစ်ယောက်ကို ဘီဘီစီက ဆက်သွယ်နိုင်ခဲ့ပါတယ်။
သူတို့က ထောင်ကနေ ထွက်ပြေးခဲ့ကြတာပါ။ တစ်ယောက်က ထောင်လုံခြုံရေးဝန်ထမ်း၊ နောက်တစ်ယောက်က ထောင်ကျ အမျိုးသမီးပါ။ သူတို့ ထွက်ပြေးလွတ်မြောက်လာတဲ့ စွန့်စားခန်း အကြောင်း ဘီဘီစီ သတင်းထောက် ဟယောင်ယွန်ကင်းမ် က မေးမြန်းထားတာကို မသီဒါနွယ်က ပြန်ပြောပြထားပါတယ်။