ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားက နိုင်ငံရေးလှုပ်ရှားမှုကြောင့် နေအိမ်အကျယ်ချုပ်ကျခံရသူ
ရုရှားနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှားတဲ့ အိမ်ထောင်မရှိတဲ့ မိခင်တဦးဟာ ထောင် ၆ နှစ်လောက် ကျခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ အာနာစတေးစီးယား ရှက်ဗ်ချဲန်ကိုဟာ သူ့ကို စွဲဆိုထားတဲ့ အမှုအတွက် နေအိမ်အကျယ်ချုပ် တနှစ်ကျော် ကျခံနေခဲ့ရပြီးလည်း ဖြစ်ပါတယ်။
နောက်ပြီး သူ့ကို အာဏာပိုင်တွေနဲ့ ဆွေမျိုးတွေ အပြင်တခြားဘယ်သူ့ကိုမှ မဆက်သွယ်ရဖို့ တားမြစ်ထားခဲ့ပေမယ့် အခုနောက်ပိုင်းမှာ နည်းနည်း ဖြေလျှော့ပေးခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဘီဘီစီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူ့ကို တခြား ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ရုရှားနိုင်ငံရဲ့ လုံခြုံရေး ခြိမ်းခြောက်နေတယ်ဆိုတဲ့ Open Russia UK အဖွဲ့ နဲ့ ဆက်သွယ်တယ်လို့စွပ်စွဲ ထားတာ ဖြစ်ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။