ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မလေးရှားက အစွန်းရောက် အတွေးအမြင် ပြုပြင်ရေး အစီအစဉ်
မလေးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထားခဲ့တဲ့ သူတွေကို လူ့အသိုင်းအဝိုင်းမှာ ပြန်လည် ဝင်ဆံ့နိုင်စေဖို့ ဆိုပြီး အစွန်းရောက် အတွေးအမြင် ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေကို ချမှတ် ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၁ နောက်ပိုင်းက စလို့ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခဲ့သူ ၄၀၀ လောက်အပေါ်မှာ ဒီအစီအစဉ်တွေကို သုံးစွဲခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာခဲ့သူတွေထဲက အနည်းငယ်သာ အကြမ်းဖက် လမ်းကြောင်းပေါ် ပြန်ရောက်ကြတယ်လို့ ဆိုပါတယ်။ ရဲကတော့ အောင်မြင်မှုက ၉၇ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဝေဖန်သူတွေကတော့ ဒီအစီအစဉ်တွေဟာ တင်းကြပ်လွန်းပြီး အကျဉ်းကျခံနေရသူတွေ ရဲ့ လူ့အခွင့်အရေးတွေအပေါ် သေချာ ထည့်သွင်း စဉ်းစားထားတာမျိုး မရှိကြောင်း ပြောပါတယ်။ ဘီဘီစီ သတင်းထောက် အာနာရောဘတ်စ်ရဲ့ သတင်းကို မရီရီအောင်က ပြန်ပြောပြမှာပါ။