ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်အတွက် စတင်သတိပေးခဲ့သူ ကွယ်လွန်
ရေးသားခဲ့သည်။
တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး လူတွေ သတိပြုမိစေဖို့ စတင်သတိပေးခဲ့လို့ အာဏာပိုင်တွေက သတိပေး တားဆီး ခဲ့တဲ့ ဆရာဝန် ကွယ်လွန်သွားတဲ့ အပေါ်မှာ ပူဆွေးဝမ်းနည်းမှုတွေ နဲ့ မကျေနပ်မှုတွေ ရှိနေကြပါတယ်။ ဒေါက်တာ လီဝမ်လျန်းဟာ ဝူဟန်မှာ လူနာတွေကို ပြုစုပေးရင်း သူကိုယ်တိုင် အဲဒီ ရောဂါနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ တရုတ်ပြည်မမှာ သေဆုံးသူ ၆၃၅ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ဟောင်ကောင်မှာလည်း နောက်ထပ် ကူးစက်ခံရသူ ၅ ယောက် ထပ်တွေ့ခဲ့ရပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။