ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်ကို ပါလက်စတိုင်းပယ်ချ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက်တွေနဲ့ပတ်သက်လို့ ပါလက်စတိုင်း တွေ ဘက်က ပယ်ချလိုက်ပါတယ်။ သူ့ရဲ့ အစီအစဉ်တွေအရ ပါလက်စတိုင်း နိုင်ငံ ထူထောင်ဖို့ ရှိပေမယ့် ဂျေရုဆလင်မြို့ကိုတော့ အစ္စရေးရဲ့ ခွဲခြမ်းထားမှု မရှိသော မြို့တော် အဖြစ် သတ်မှတ်မယ်လို့ ဆိုထားပါတယ်။ နောက်ပြီး အနောက်ဘက်ကမ်း ဒေသကိုလည်း အစ္စရေးရဲ့ အချုပ်အခြာအောက်မှာ ထားရှိဖို့တွေ ပါပါတယ်။ ပါလက်စတိုင်း သမ္မတ မာမုဒ် အာဘတ်စ် ကတော့ ဒီအစီအမံတွေဟာ နောက်ကွယ်မှာ လျှို့ဝှက်အကြံအစည်တွေ ရှိနိုင်ကြောင်း ပြောပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုကတော့ ဒါဟာ ဒီရာစုနှစ်အတွင်း အကောင်းဆုံး ပဲဆိုပြီး ကြိုဆိုလိုက်ပါတယ်။
ကိုမင်းထက်က ပြောပြမှာပါ။