ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် မြို့ကြီးတချို့မှာ အဝင်အထွက်တွေ ပိတ်ထား
ရေးသားခဲ့သည်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို ကုသဖို့အတွက် ကုတင် တထောင်ဆေးရုံအသစ်ကို ငါးရက်အတွင်း တည်ဆောက်ဖို့ လုပ်နေပါတယ်။
ဒီဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို တားဆီးနိုင်ဖို့အတွက် မြို့ကြီးတချို့မှာလည်း အဝင်အထွက်အားလုံးကို တရုတ်အာဏာပိုင်တွေက ပိတ်ထားလိုက်ပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရက်စ်ပိုး ကူးစက်ခံရသူပေါင်း ၈၀၀ ကျော်သွားပြီ ဖြစ်ပြီး ၂၆ ဉီး သေဆုံးခဲ့ပါတယ်။
ကိုထွေးက ဆက်ပြောပြမှာပါ။