ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုယ်ကျိုးအတွက် နိုင်ငံကို အသုံးချခဲ့တဲ့ အာဖရိက အန်ဂိုလာ သမ္မတဟောင်းရဲ့ သမီး
အာဖရိကရဲ့ အချမ်းသာဆုံး အမျိုးသမီးဟာ သူ့နိုင်ငံရဲ့ သယံဇာတတွေကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်၊ အဂတိလိုက်စားပြီး ဘယ်လို ချမ်းသာကြွယ်ဝလာသလဲဆိုတဲ့ အထောက်အထားတွေကို ဘီဘီစီရဲ့ စုံစမ်းထောက်လှမ်းသတင်းယူမှုတခုမှာ တွေ့ရှိခဲ့ပါတယ်။
အစ်စဘဲလ် ဒို့ရှ် ဆန်းတို့ရှ်ဟာ အန်ဂိုလာ သမ္မတဟောင်း အက်ဒဝါဒူ ဒို့ရှ် ဆန်းတို့ရှ်ရဲ့ သမီးဖြစ်ပါတယ်။
သူ့ဖခင် သမ္မတ တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြေယာ၊ စိန်တွင်း၊ ရေနံနဲ့ တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်းတွေလို အကျိုးအမြတ်အများကြီးရတဲ့ လုပ်ငန်းတွေ လုပ်ပိုင်ခွင့် ရခဲ့တဲ့အကြောင်း အဲဒီအထောက်အထားတွေမှာ တွေ့ရပါတယ်။
အစ်စဘဲလ် ဒို့ရှ် ဆန်းတို့ရှ်ကတော့ သူဘာမှ အမှားလုပ်မထားတဲ့အကြောင်း ငြင်းဆိုထားပါတယ်။
အပြည့်အစုံကိုတော့ ကိုသိမ်းမြတ်က ပြောပြပေးမှာပါ။