ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန်မြို့က နာမည်ကျော် သင်္ချိုင်းတွေကို မြေပုံဆွဲ ဖို့ စီစဉ်နေ
ရေးသားခဲ့သည်။
လန်ဒန်မြို့မှာ ရှိတဲ့ ဟိုင်းဂိတ် သင်္ချိုင်းကြီးမှာ နာမည်ကျော်တွေ ဖြစ်တဲ့ ကားလ်မာ့ခ်စ်တို့၊ ဂျော့ချ်မိုက်ကယ်လ်တို့ ကို မြှုပ်နှံထားတာဖြစ်ပါတယ်။ အခုတော့ သက်တမ်း အားဖြင့် နှစ်ပေါင်း ၂၀၀ ရှိပြီ ဖြစ်တဲ့ ဒီသင်္ချိုင်းကြီးကို ဘယ်နေရာ ဘာရှိတယ် ဆိုတာ သိနိုင်ဖို့ မြေပုံဆွဲတော့မှာ ဖြစ်ပါတယ်။ ဒါဟာ လန်ဒန်မြို့ ထဲက သင်္ချိုင်းတွေကို မြေပုံဆွဲမယ့် စီမံကိန်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ အဲဒီလို ဆွဲပြီးတဲ့နောက်မှာ သေဆုံးခဲ့ပြီး သူတွေရဲ့ ဆွေမျိုးတွေ အနေနဲ့ ဘိုးဘွား မိဘ တွေကို ဘယ်နေရာမှာ မြှုပ်နှံထားတယ်ဆိုတာကို အလွယ်တကူ သိနိုင်တော့မှာ ဖြစ်ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။