ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုးရီးယားက အဖွားတို့အတွက် စာသင်ကျောင်း
ရေးသားခဲ့သည်။
တောင်ကိုရီးယားမှာ ကလေးသူငယ်ဦးရေ ကျဆင်းလာနေပါတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ ကလေး မွေးဖွားမှုနှုန်း အနိမ့်ဆုံး နိုင်ငံတွေထဲက တခုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ကျေးလက် ဒေသတွေမှာဆို စာသင်ကျောင်းတွေမှာ ကျောင်းနေအရွယ် ကလေးသူငယ်တွေ နည်းလာလို့ ဆက်ဖွင့်ဖို့တောင် အနိုင်နိုင် ဖြစ်လာပါတယ်။ နိုင်ငံ အနောက်တောင်ပိုင်းက ကျောင်းတကျောင်းကတော့ ပထမတန်း ကလေးတွေ တယောက်မှ မရှိလို့ အဲဒီ ပထမတန်း နေရာမှာ စာမတတ်သူ အဖွားတွေကို စာရေး စာဖတ် တတ်ဖို့ သင်ကြားပေးနေပြီ ဖြစ်ပါတယ်။
မသီဒါနွယ်က ပြောပြမှာပါ။