ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန်တံတား တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲကျင်းပ
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က လန်ဒန်တံတားမှာ ဖြစ်ခဲ့တဲ့ ဓားထိုး တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရသူတွေ အတွက် ဝတ်ပြု ဆုတောင်းပွဲတွေကို ကျင်းပခဲ့ပါတယ်။ ဗြိတိသျှ ရဲ တပ်ဖွဲ့ကတော့ သေဆုံးခဲ့ရသူ တွေဟာ အကျဉ်းကျခံရသူများ ပြန်လည် ထူထောင်ရေး အစီအစဉ်မှာ ပါဝင် ဆောင်ရွက်နေတဲ့ ဆာ့စ်ကီယာ ဂျုံးစ်နဲ့ ဂျက် မဲရစ်တို့ ဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ အူစမန် ခန်းကိုတော့ ရဲက ပစ်သတ်ခဲ့ပါတယ်။ သူဟာ အရင်ကလည်း အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရဖူးပြီး စောပြီး ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။