ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင် ဒေသခံတွေနဲ့ လူမျိုးခြားတွေ ပိုရင်းနှီးလာ

ရေးသားခဲ့သည်။

ဟောင်ကောင်မှာ တချိန်က လူတထောင်ကျော်လောက် ဆန္ဒပြနေခဲ့ကြတဲ့ ပိုလီတက္ကနစ် တက္ကသိုလ်ထဲမှာ ဆန္ဒပြ ပွဲတွေ ပြီးဆုံး ခဲ့ပြီ ဖြစ်ပါတယ်။ ၆ လလောက် ဖြစ်နေခဲ့တဲ့ ဟောင်ကောင်က ဒီမိုကရေစီ လိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေအတွင်းမှာ အဲဒီ ကျောင်းဝင်းထဲမှာလည်း ရဲနဲ့ ဆန္ဒပြသူတွေ အကြား ပြင်းထန်တဲ့ ရင်ဆိုင်မှုမျိုးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေ အတွင်း ဟောင်ကောင်မှာ နေကြတဲ့ လူမျိုးခြား တွေအပေါ်မှာလည်း အာရုံစိုက်ခံရမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာ နေတဲ့ ပါကစ္စတန်နွယ်ဖွား တဦးကတော့ သူတို့ လူမျိုးကွဲတွေနဲ့ ဒေသခံတွေအကြား ပိုမို ရင်းနှီးနားလည်မှုတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

မသီဒါနွယ်က ပြောပြမှာပါ။