ကာဘွန်ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ ကုလသမဂ္ဂပြော

ရေးသားခဲ့သည်။

လာမယ့် ဆယ်နှစ် အတွင်းမှာ ကမ္ဘာ့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၇.၆ ရာခိုင်နှုန်းအထိ လျှော့ချပစ်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂက သတိပေးနေပါတယ်။ ဒီလိုမဟုတ်ရင်တော့ ပါရီ ရာသီဥတု သဘောတူညီချက် အတိုင်း သွားဖို့ အတွက် အခွင့်ကောင်းတခု လက်လွှတ်ရလိမ့်မယ်လို့ ဆိုပါတယ်။ နှစ်စဉ် အစီရင်ခံစာ အရဆိုရင် ကာဘွန် ထုတ်လွှတ်မှုတွေဟာ တနှစ်ထက် တနှစ် ပိုတိုးလာတာပဲ ရှိနေသလို အမြင့်ဆုံးကို ဘယ်တော့ ရောက်မလဲဆိုတဲ့ လက္ခဏာလည်း မမြင်ရသေးဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ထုတ်လွှတ်မှုတွေ လျှော့ချရေး အမြန်ဆုံးအကောင်အထည် ဖော်ကြဖို့ တိုက်တွန်းနေကြပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။