ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်နိုင်ငံက မွတ်ဆလင် ထိန်းသိမ်းရေးစခန်းတွေအကြောင်း အချက်အလက်တွေ ပေါက်ကြား
တရုတ်နိုင်ငံမှာ လုံခြုံရေး အင်မတန် တင်းကျပ်တဲ့ အကျဉ်းစခန်းတခုကို ဘယ်လို လည်ပတ်နေသလဲဆိုတဲ့ အထောက်အထားတွေ ပထမဆုံးအကြိမ် ပေါက်ကြားလာပါတယ်။
လူထောင်သောင်းချီရဲ့ အတွေးအခေါ် ယုံကြည်မှုတွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ပြီး အဲဒီစခန်းတွေကို ဖွင့်လှစ်ထားတာပါ။
တရုတ်ဘက်ကတော့ ရှင်ကျန်းပြည်နယ်ထဲမှာ ရှိတဲ့ ဒီစခန်းတွေဟာ ပညာရေးနဲ့ သင်တန်းတွေ ပေးနေတာပါလို့ တချိန်လုံး ပြောဆိုနေပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ စုံစမ်းထောက်လှမ်း သတင်းသမားများအဖွဲ့ ICIJ အဖွဲ့ဆီကို ပေါက်ကြားလာတဲ့ တရားဝင် အထောက်အထားတွေမှာ အကျဉ်းသားတွေကို ဘယ်လို ပိတ်လှောင်ထားတာ၊ အယူဝါဒ သွတ်သွင်းတာနဲ့ ဘယ်လို အပြစ်ပေးခဲ့သလဲဆိုတာတွေကို ဘီဘီစီက ကြည့်ရှုခွင့် ရခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကတော့ ဘီဘီစီရဲ့ ပြောဆိုမှုတွေကို ငြင်းပါတယ်။
ဘီဘီစီ သတင်းထောက် Richard Bilton ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြန်ပြောပြမှာပါ။