ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒအသစ် ပါလက်စတိုင်း ရှုတ်ချ
ရေးသားခဲ့သည်။
ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသမှာ ဂျူးလူမျိုးတွေ ဝင်ရောက်အခြေချနေထိုင်တာဟာ ဥပဒေနဲ့မညီတဲ့လုပ်ရပ်မဟုတ်တော့ဘူးလို့ အမေရိကန်ရဲ့ မူဝါဒ ပြောင်းလဲသတ်မှတ်လိုက်တာကို ပါလက်စတိုင်းက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အမေရိကန်က သူတို့ရဲ့ နှစ် ၄၀ ကြာ မူဝါဒကို အခုလို ပြောင်းလဲလိုက်တာဟာ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲရေးကို ပျက်စီးစေလိမ့်မယ်လို့ ဥရောပသမဂ္ဂက ဆိုပါတယ်။
အမေရိကန်ရဲ့ အခုပြောင်းလဲလိုက်တဲ့ မူဝါဒဟာ ကုလသမဂ္ဂရဲ့မူနဲ့လည်း ဆန့်ကျင်နေတာပါ။
ဒီမူဝါဒအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာ ကိုသိမ်းမြတ်က ပြောပြပေးမှာပါ။