ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင် ချောက်ထဲကျတော့မယ်လို့ တရုတ်ပြော
ရေးသားခဲ့သည်။
ဟောင်ကောင်မှာ ၃ ရက်မြောက်နေ့ အဖြစ် ဆန္ဒပြပွဲတွေ ဖြစ်နေပြီး တချို့နေရာတွေမှာ သွားလာမှုတွေပါ ရပ်တန့်နေပါတယ်။ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေအကြား ရင်ဆိုင်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဘဏ်တွေ၊ ရထားဘူတာရုံတွေနဲ့ တက္ကသိုလ်တွေကိုလည်း ပိတ်ထားသလို စာသင်ကျောင်းတွေကိုလည်း ကြာသပတေးနေ့အထိ ပိတ်ထားပါတယ်။ ဟောင်ကောင်မှာ ဖွင့်ထားတဲ့ တရုတ်ရဲ့ ပြည်မကြီးနဲ့ ဟောင်ကောင် အကြား ဆက်ဆံ ဆောင်ရွက်ရေး ရုံးကတော့ ဟောင်ကောင်ဟာ အကြမ်းဖက်မှုတွေ ရှိနေတဲ့ ချောက်ကမ်းပါးကြီးထဲ လျှောကျလာနေပြီလို့ ပြောလိုက်ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။