ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင်ဆန္ဒပြပွဲ အဓိကရုဏ်းတွေအတွင်း လူ နှစ်ဦး အရေးပေါ် အခြေအနေရောက်
ရေးသားခဲ့သည်။
ဟောင်ကောင်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်လက် ပေါ်ပေါက်နေပြီး တနင်္လာနေ့မှာတော့ အင်မတန်ဆိုးဝါးတဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသမားတွေဘက်က လမ်းဆုံတခုကို ပိတ်ပစ်ဖို့ ကြိုးစားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဆန္ဒပြသမားတဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
တခါ ဆန္ဒပြသမားတွေနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ တရုတ်ထောက်ခံသူတဦးလည်း မီးရှို့ခံခဲ့ရပါတယ်။
ဟောင်ကောင် အဓိကရုဏ်း နောက်ဆုံးအခြေအနေကို ကြည့်ကြရအောင်ပါ။