ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာကြီးကို ကယ်တင်ကြဖို့ သိပ္ပံပညာရှင်တွေ ပြော
ရေးသားခဲ့သည်။
ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ လေ့လာချက်တခုအရ ထိရောက်တဲ့ အပြောင်းအလဲတွေ မလုပ်ကြဘူး ဆိုရင် မပြောပြတတ်လောက်အောင် ဒုက္ခသုက္ခတွေ နဲ့ ကြုံကြရလိမ့်မယ်လို့ သိပ္ပံပညာရှင်ပေါင်း ၁၁၀၀၀ က ပြောလိုက်ပါတယ်။ နှစ်ပေါင်း ၄၀ လောက် လုပ်ထားတဲ့ သုတေသန အချက်အလက်တွေကို အခြေခံထားတဲ့ ဒီလေ့လာချက်ထဲမှာ ကမ္ဘာကြီးဟာ ရာသီဥတု ပြောင်းလဲမှုမှာ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ဆိုပါတယ်။ သုတေသီတွေက ဒီအန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာကို ကမ္ဘာကြီးကို သတိပေးဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ခံယူထားကြောင်းလဲ ပြောပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။