ထိုင်း ဂီတ အဖွဲ့ ပြင်သစ်နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံ

ရေးသားခဲ့သည်။

ထိုင်း ရိုးရာ ဂီတ အဖွဲ့ ဖိုင်ယန်က ပြင်သစ်နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံ နေပါတယ်။ သူတို့က ထိုင်းကို ပြန်ဖို့ အန္တရာယ်များလွန်းလို့ ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ အဖွဲ့ရဲ့ သီချင်းတွေမှာ ထိုင်းထီးနန်းနဲ့ စစ်တပ်ကို ဝေဖန်တဲ့ စာသားတွေ ပါဝင်ပါတယ်။

သူတို့ဟာ ၂၀၁၄ က အိမ်နီးချင်း လာအိုနိုင်ငံကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဘီဘီစီ ထိုင်းဘာသာ ဌာနက သူတို့အဖွဲ့အကြောင်း တင်ဆက်ထားတာကို ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။