ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်က ကုန်တင်ကားတစီးပေါ်မှာ တရုတ်နိုင်ငံသား ရုပ်အလောင်း ၃၉ လောင်းတွေ့ရှိ
အောက်တိုဘာလ ၂၃ ရက်နေ့ အစောပိုင်းတုန်းက ဗြိတိန်နိုင်ငံတောင်ပိုင်း Grays မြို့ စက်မှုဇုန်အတွင်း ကုန်တင်ကားတစီး နောက်ခန်းထဲမှာ ရှာတွေ့ခဲ့တဲ့ ရုပ်အလောင်း ၃၉ လောင်းဟာ တရုတ်နိုင်ငံသားတွေဖြစ်မယ်လို့ ယူဆတဲ့အကြောင်း ဗြိတိန်သျှ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီထဲက ရှစ်ဦးဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အေးခဲထားတဲ့ ဒီကုန်သေတ္တာဟာ ဘယ်ဂျီယံနိုင်ငံကနေ လန်ဒန်မြို့ အရှေ့ပိုင်း ဆိပ်ကမ်းကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူတွေက ကြိုးကိုင်စီစဉ်ခဲ့သလဲဆိုတာကို ဘယ်ဂျီယံ ဗဟိုအစိုးရ ရှေ့နေတွေကလည်း စုံစမ်းစစ်ဆေးနေပါပြီ။
လူသတ်မှု သံသယဖြစ်ဖွယ်နဲ့ ဒီကုန်တင်ကား မောင်းသူတဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ဒီလူတွေ ဘယ်ကနေ ဘယ်လို ရောက်လာကြတာပါလဲ။ ဗြိတိန်နိုင်ငံတွင်းကို လူမှောင်ခိုကူးဖို့ ဘယ်လမ်းကြောင်းတွေကို သုံးခဲ့ကြတာပါလဲ။
ကိုသိမ်းမြတ်က ပြောပြပေးမှာပါ။