ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန်ဧကရာဇ် နန်းတက်ပွဲကို နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက်
ဂျပန် ဧကရာဇ် နာရူဟီတိုဟာ တိုကျိုမြို့မှာ နန်းတက်ပွဲ အခမ်းအနား ကျင်းပပြီး ထီးနန်းအရိုက်အရာကို တရားဝင် ဆက်ခံလိုက်ပါပြီ။
သူ့ရဲ့ ဖခမည်းတော် အာခီဟီတို နန်းစွန့်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မေလကတည်းက အိမ်ရှေ့မင်းသား နာရူဟီတို ထီးနန်း စတင် ရယူခဲ့တာပါ။
ဒါပေမဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေနဲ့အတူ နန်းတက်ပွဲအခမ်းအနားကိုတော့ ဒီကနေ့မှပဲ တရားဝင် ကျင်းပဖြစ်ပါတယ်။
ဒီအခမ်းအနားကို နိုင်ငံတကာက တော်ဝင်မိသားစုတွေနဲ့ နိုင်ငံခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဂျပန်နိုင်ငံမှာ တိုက်ဖွန်းမုန်တိုင်း ဟာဂီဘိစ် ဝင်မွှေခဲ့တာကြောင့် နန်းတက်ပွဲ အခမ်းအနားတွေကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင်းပခဲ့ပါတယ်။
ဒီမုန်တိုင်းအတွင်း ထိခိုက်သေကြေခဲ့တဲ့ မိသားစုတွေကို စာနာထောက်ထားတဲ့အနေနဲ့ နန်းတက်ပွဲ အခမ်းအနားကိုလည်း ရက်ရွေ့ဆိုင်းခဲ့ပါတယ်။
မရီရီအောင်က ဆက်ပြောပြမှာပါ။