ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုးစစ်ရပ်ဖို့ အမေရိကန် တောင်းဆိုချက် တူရကီ ပယ်ချ
တူရကီက အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သူတို့သတ်မှတ်ထားတဲ့ ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေတာတွေကို ချက်ခြင်း ရပ်ပေးဖို့ အမေရိကန်က တောင်းဆိုလိုက်တာကို တူရကီ သမ္မတ အာဒိုဝမ်က ပယ်ချလိုက်ပါတယ်။
မစ္စတာ အာဒိုဝမ်က အဲဒီနယ်မြေကို တူရကီထဲရောက်နေတဲ့ သန်းနဲ့ချီတဲ့ဆီးရီးယား ဒုက္ခသည်တွေ ခိုလှုံရာ ကြားခံဒေသအဖြစ် တည်ဆောက်ချင်တာဖြစ်ပါတယ်။
ကာ့ဒ်တွေဘက်ကလည်း သူတို့ ကို ကူညီဖို့ အတွက် ဆီးရီးယား အစိုးရနဲ့ သူတို့ရဲ့ မဟာမိတ် ရုရှားတွေနဲ့ သဘောတူညီမှု ရထားပြီ ဖြစ်ပါတယ်။
အခုတော့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်ဟာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ တူရကီကိုသွားနေပါပြီ။ တူရကီထိုးစစ်နဲ့ပတ်သက်ပြီး ကိုသိမ်းမြတ်က ပြောပြပေးမှာပါ။