ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီးရီးယားထဲက ကာ့ဒ်တွေကို တူရကီ ထိုးစစ်ဆင်
ဆီးရီးယား မြောက်ပိုင်းမှာ တူရကီက သူတို့ အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားတဲ့ ကာ့ဒ် လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေရမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သတင်းတွေ ရရှိပါတယ်။
တူရကီ ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ သုံးပြီး မနေ့က စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပစ်မှတ်ပေါင်း ၁၈၀ ကျော်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သတင်းတခုမှာတော့ တိုက်ပွဲတွေကြောင့် အရပ်သား (၈) ယောက် သေဆုံးခဲ့ရပြီး သောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုကတော့ သမ္မတ ထရမ့်က အမေရိကန် တပ်ဖွဲ့တွေကို အဲဒီ ဒေသက ရုတ်သိမ်းခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ် ပြောဆိုခဲ့ပါတယ်။ နောက်ပြီး ဒါဟာ တူရကီကို ထိုးစစ် စတင်ဖို့ မီးစိမ်းပြလိုက်သလို ဖြစ်သွားတာပဲ ဆိုတာကိုလည်း ငြင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုတင်အောင်ကျော်က ပြောပြပေးမှာပါ။